Driver Backup လုပ်နည်းကိုပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဝင်းဒိုးမတင်ခင် အရင်ဆုံး Driver Backup လုပ်ထားလိုက်ပါ..။ မူရင်း Driver ခွေရှိတဲ့ သူများအတွက်တော့ Backup လုပ်ဖို့ မလိုအပ်ပါဘူး..။ တခါလေ Backup လုပ်ထားတဲ့ Driver တွေကလည်း ဝင်းဒိုးတင်ပြီး အခုဒီနည်းနဲ့ Restore ပြန်လုပ်တဲ့အခါ Uncountable Problems ဆိုတဲ့စာသားမျိုးနဲ့ Drivers တွေပြန်ထည့်လို့ မရတဲ့အခါတွေလည်း ကြုံဖူးပါတယ်..။ အဲလိုဖြစ်ခဲ့ရင်တော့ သူလိုအပ်တဲ့ (ဥပမာ..။ ။ .dll ဖိုင်မျိုး၊ .inf ဖိုင်မျိုး) ဖိုင်လေးကို မိမိတို့ Driver Backup လုပ်ထားတဲ့ဖိုင်တွေထဲက.. VGA ဂရပ်ဖစ်အတွက်ဆို သူနဲ့ဆိုင်တဲ့ဖိုင်ထဲ.. ဝါယာလက်စ်အတွက်ဆို ဝါယာလက်စ်နဲ့ ဆိုင်တဲ့ ဖိုင်ထဲ အထိ တဆင့်ချင်းစီ ဝင်သွားပြီး လိုက်ရှာပေးရပါတယ်..။ သူလိုအပ်တဲ့ဖိုင်လေးကို တွေပြီဆိုရင် အဲဒီကောင်လေးကို တချက်ကလစ်ပြီး OK , OK နဲ့ အဲဒီအဆင့်တွေမှာ ပြထားတဲ့ စာသားတွေအတိုင်း အဆင့်ဆင့် လုပ်ပေးသွားလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ ဝင်းဒိုးတင်ပြီးပြီးချင်းမှာ အောက်ကပုံလေးတွေအတိုင်း မြင်ရပါလိမ့်မယ်..။ နောက်ပြီး ဝင်းဒိုးမတင်ခင် Driver Backup လုပ်ထားတဲ့သူများအတွက် မိမိတို့ပြုလုပ်လိုက်တဲ့ Driver Backup ဖိုင်ထဲမှာ အောက်က ၄ပုံမြောက်ပုံမှာ အမှန်ခြစ်လေးတွေနဲ့ ပြထားသလို အဓိက လိုအပ်တဲ့ Drivers တွေပါမပါ.. ဝင်းဒိုးမတင်ခင်မှာ အရင်စစ်ဆေး ကြည့်ရမှာပါ..။ အဲဒီဖိုင်တွေ မပါခဲ့၊ မစုံခဲ့ရင် နောက်တခါထပ်ပြီး သေချာအောင်၊ အဲဒီဖိုင်တွေစုံအောင် Driver Backup ပြန်လုပ်လိုက်ပါ..။ အားလုံးအစုံသိမ်းပြီးမှ အဲဒီသိမ်းလိုက်တဲ့ ဖိုင်ကို USB Pendrive တွေထဲ၊ Partition အပိုင်းတွေထဲမှာ နေရာခွဲပြီး သိမ်းထားပြီးမှ စက်ကို ဝင်းဒိုးအသစ်တင်ပါ..။ အောက်ကပုံကတော့ ဝင်းဒိုးအသစ် တင်ပြီးသွားတဲ့ အခါ Drivers တွေမစုံခင် မြင်ရတဲ့ ပုံလေးပါ.. Driver Restore လုပ်နည်းကို နောက်ပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..
>>>DOWNLOAD<<<
Driver Back ဖိုင်ထဲမှာ Drivers တွေစုံမစုံ အပေါ်ပုံအတိုင်း အဓိကလိုအပ်တဲ့ ကောင်လေးတွေကို အမှန်ခြစ်လေးတွေနဲ့ ပြထားပါတယ်..။ ဝင်းဒိုးမတင်ခင် အရင်ဖွင့်ကြည့်လိုက်ပါ.. အောက်ကပုံကတော့ Desktop မှာ Computer ပုံလေးပေါ်အောင် လုပ်ပြပေးလိုက်တာပါ..။ မသိသေးတဲ့သူများအတွက်ပါ..။ R/C ဆိုတာ Right Click ထောက်ပါလို့ ဆိုလိုတယ်ဆိုတာကို အားလုံးသိမှာပါ.....
ပြီးရင်တော့ Drivers တွေရှိတဲ့ နေရာကို အောက်ကပုံလေးအတိုင်း ဖွင့်ပြီး ဝင်သွားလိုက်ပါ..။ အောက်ပုံ 4 နေရာမှာ မြင်နေရတဲ့ အတိုင်း အဝါရောင် အတုံးလေးတွေ ပေါ်နေရင်.. အဲဒီကောင်လေးတွေမှာ Drivers တွေမရှိလို့ ၊ Drivers တွေ လိုအပ်နေလို့ပါ..။ ဒါကြောင့် အဲလို အဝါရောင် အတုံးလေးတွေ ပေါ်နေတဲ့ စာကြောင်းလေးတွေပေါ်မှာ Right Click ထောက်လိုက်ပါ..
လိုအပ်နေတဲ့ Drivers တွေနေရာမှာ VGA ဂရပ်ဖစ်နေရာက လွဲလို့ တခြားနေရာတွေမှာ အဝါရောင် အတုံးလေးတွေ ပေါ်နေပါလိမ့်မယ်.. အောက်ကပုံကတော့ VGA နေရာမှန်း သိရအောင် အဝါရောင်လေး ထည့်ပြထားတာပါ..။
အောက်ကပုံလေးအတိုင်း လိုအပ်နေတဲ့ Driver အတွက် အဝါရောင် အလုံးလေးပေါ်နေတဲ့ စာကြောင်းလေးပေါ်မှာ Right Click ထောက်ပြီး အနီဝိုင်းပြထားတဲ့ Update Driver Software.. နေရာကို တချက်ကလစ်လိုက်ပါ.. နောက်ထပ်ပေါ်လာတဲ့ ပုံလေးတွေကို အောက်မှာ ပြထားတဲ့ အတိုင်း အဆင့်ဆင့်နှိပ် သွားပေးလိုက်ပါ..။
ဒီနေရာမှာသိရမှာက မိမိတို့ သိမ်းထားခဲ့တဲ့ Driver Backup ဖိုင်ကို ဘယ်နေရာမှာ ထားတယ်ဆိုတာ မှတ်ထားပြီး.. ဒီအဆင့်မှာ သွားပြန်ရွေးပေးရမှာပါ..။ မူရင်း Driver ခွေရှိတဲ့သူများကတော့ CD/DVD Drive ရှိတဲ့နေရာကို ဒီအဆင့်မှာ ညွှန်ပြပေးရမှာပါ..။ အောက်ကပုံကတော့ ကျနော် Driver Backup ဖိုင်ရှိတဲ့ လမ်းကြောင်းလေးကို ညွှန်ပြပေးထားလို့ ပုံမှာမြင်ရတဲ့အတိုင်း လမ်းကြောင်းလေးပေါ်နေပါပြီ.. ပြီးရင်တော့ Next ကိုကလစ်ပါ..
အောက်ကပုံလေးတွေ အတိုင်း ပေါ်နေရင် ခဏစောင့်နေပေးလိုက်ပါ...။
အပေါ်ပုံအတိုင်း Successfully စာသားနဲ့ ဘောက်စ်ထပ်ပေါ်လာရင်တော့ ကျနော်ထည့်လိုက်တဲ့ Driver တခု အောင်မြင်စွာ စက်ထဲကို ရောက်သွားပါပြီ..။ သူ့နေရာနဲ့ သူ့ Driver နဲ့ တခုတော့ အိုကေသွားပါပြီ.. အောက်က Driver ရောက်သွားတဲ့ ပုံနဲ့ အပေါ်ပိုင်းက Driver မရှိသေးတဲ့ ပုံကို ၂ခုယှဉ်ကြည့်နိုင်ပါတယ်..
ပြီးရင်တော့ Driver လိုအပ်နေတဲ့ နောက်ထပ်တခုကို အပေါ်ကပုံတွေအတိုင်း ထပ်လုပ်လိုက်ပါ..
ဒီအောက်ကပုံကတော့ VGA ဂရပ်ဖစ် Driver ကို အပေါ်က ပုံတွေအတိုင်း Install ဆွဲထည့်ပြီးတဲ့အခါ အောက်ကပုံမျိုး ပေါ်လာပါလိမ့်မယ်.. Yes ပေးလိုက်လို့ Restart ကျသွားပြီး ဝင်းဒိုးပြန်တက်လာရင်တော့ မိမိတို့ရဲ့ စက်မှာ ဂရပ်ဖစ် Driver အလုပ်လုပ်ပါပြီ..
ဝင်းဒိုးပြန်ပွင့်လာရင်တော့ ဂရပ်ဖစ်နဲ့
တခြား Driver တွေ စုံသွားပြီ ဖြစ်တဲ့ အတွက် အောက်ကပုံမျိုး Sleep တို့၊
Hipernate တို့ စာသားတွေ ပေါ်လာပါပြီ..။
မိမိတို့ ကွန်ပျူတာကို Driver တွေ စုံမစုံ သိချင်သေးတယ် ဆိုရင်တော့
အပေါ်ဆုံးက ပုံတွေအတိုင်း Computer >> Right Click >> Manage
>> Device Manager အထိ အဆင့်ဆင့် ဖွင့်ဝင်သွားလိုက်ရင်
အပေါ်က အောက်ဆုံးပုံအတိုင်း ကျနော့်စက်မှာ မြင်ရတဲ့ အတိုင်း Driver တွေ
စုံနေတာကို တွေ့ရပါပြီ.. ဒီလောက်ဆိုရင်တော့ Drivers တွေကို
Restore ပြန်လုပ်တတ်လောက်ပြီလို့ ထင်ပါတယ်ဗျာ.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ.။
အဆင်ပြေရင်ကျနော်ရဲ့  Pages နှင့် Facebook
ဆီသို့ အလေလာခဲ့ ပါရန်......
အဆင်ပြေရင်ကျနော်ရဲ့  Pages နှင့် Facebook
ဆီသို့ အလေလာခဲ့ ပါရန်......













dow မရဘူး
ReplyDelete