.

.


Samsung Galaxy J7 2016 SM-J710GN/SM-J710F များအတွက်
နောက်ဆုံးထွက် ဗားရှင်း 6.0.1 Marshmallow Root လုပ်နည်းကို
တောင်းဆိုထားကြတဲ့ညီအကိုတွေအတွက် တင်ပေးလိုက်ပါတယ်။
ဒီ J7 2016 Edition အတွက် SM-J710GN/SM-J710F ဆိုပြီး

Models နှစ်မျိုးသာ ထွက်ရှိထားပါတယ်၊ ဒီဖုန်းတွေကို Root လုပ်
မယ်ဆိုရင်တော့ One Click Tool တွေတော့မထွက်သေးပါဘူး
Custom Recovery ထည့်သွင်းပြီး Supersu ဖြင့် Flash ပေးပြီး
Root လုပ်ယူနိုင်မှာပဲဖြစ်ပါတယ်၊ ဒီနည်းလမ်းကတော့ အလေ့
အထ ရှိပြီးသား လူတစ်ယောက်အတွက် ပိုပြီး အကြိုက်တွေ့စေမယ့်
Strong အဖြစ်ဆုံး အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။

Galaxy J7 2016 Edition မှာ ကျနော် စမ်းသပ်ဖြစ်တဲ့ အလုံးကတော့
SM-J710GN ပဲဖြစ်ပါတယ်၊ Root access မရှိသေးတဲ့ သူတွေကတော့
ဖေါ်ပြပါ နည်းလမ်းအတိုင်း သေချာအောင် ပြုလုပ်လိုက်ရင် အဆင်ပြေပါပြီ။
ဒီဖုန်းကို Root လုပ်ရန်အတွက် TWRP & Kernel ကို ထည့်သွင်းပြီး
Supersu.zip ဖြင့် Custom Recovery Mode မှ Flash ပေးယူရမှာပါ။
>>>မှတ်ချက်<<<
TWRP & Kernel နှစ်ခုလုံးကို Flash လုပ်ပြီးမှ အဆင်ပြေမှာဖြစ်လို့
TWRP Recovery File တစ်ခုတည်းကိုသာ Flash ပေးပြီး Supersu.zip ဖိုင်ကို ထည့်သွင်းပြီး Root လုပ်မယ်ဆိုရင်တော့ mount /data အတွက် အဆင်မပြေပါ ဒါကြောင့် TWRP တစ်ခုတည်းကိုသာ ထည့်သွင်းပြီးမှ Supersu.zip ဖိုင်ကို Flash ပြုလုပ်တာမျိုးမပြုလုပ်ပါရန် အထူးမှာကြားလိုပါတယ်။
Custom Recovery ဖိုင်များထည့်သွင်းပြီး Root လုပ်နည်း

>>> DOWNLOAD <<<

အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ.။
#MR.WaiThu(နည်းပညာ)
#ဗဟုသုတ ပညာဒါန

1 comment:

  1. မရဘူးအကိုဒေါင်းလို့ 

    ReplyDelete

https://www.facebook.com/WaiThu2017