.

.

Winrar Software အသုံးပြုနည်း နှင့်​ WinRAR All App Free Download

WinRAR A
Winrar ဆိုတာတော့ လက်ရှိ Compressing Program တွေထဲမှာ နာမည်ကြီးပြီး ကွန်ပျူတာအသုံးပြုတဲ့လူတိုင်း ဒီ Software နဲ့မစိမ်းသလို ကွန်ပျူတာတစ်လုံးမှာ
မရှိမဖြစ်ထည့်သွင်းအသုံးပြုထားရမယ့် Software တစ်ခုဆိုလည်း မမှားပါဘူး။ ဒီ Software က Compressing စနစ်အပြင် နောက်ထပ်သူလုပ်ပေးနိုင်တဲ့ Function တွေလည်း အများကြီးရှိပါသေးတယ်။ ဒီ Software နဲ့ပတ်သက်ပြီး သူ့မှာပါတဲ့ Function တွေရဲ့ အသုံးပြုနည်း အသုံးချနည်းကို ကွန်ပျူတာ အသုံးပြုတဲ့သူတိုင်းသိရှိနားလည်သလို ၊ တချို့ User တွေက ( File ချုံ့တာ - ချုံ့ထား File ကို ပြန်ဖြည်တာလောက်ပဲ သိပြီး နောက်ထပ်သူ့မှာပါတဲ့ Function တွေ အသုံးပြုနည်းကို မသိ မရင်းနီးသေးတဲ့ သူတွေလည်း ရှိကောင်းရှိနိုင်မယ်ထင်လို့ ဒီ Post ကို ရေးတင်ပေးလိုက်ပါတယ်။

သူ့မှာ ဘာ Function တွေပါလဲဆိုတော့ File ချုံ့တာ , File ပြန်ဖြည်တာ , File. Folder တွေကို Password နဲ့ထားတာ , File Split လုပ်တာ , Setup File ပြုလုပ်တာ , Hidden File များကို ရှာဖွေတာ စသည်အများကြီးပါပဲ၊ ဒီ Function တွေထဲက အသုံးများတဲ့ Function အချို့ ကိုပဲအောက်မှာ ရေးသားဖော်ပြပေးလိုက်ပါတယ်။
 >>> DOWNLOAD <<<

၁။Winrar Software အသုံးပြုပြီး File ချုံ့နည်း
-----------------------------------------------------
ဒီ Function ကတော့ လူတိုင်း လိုလိုအသုံးပြုတတ်တဲ့ Function တစ်ခုဖြစ်ပါတယ် ၊ ကိုယ် ချုံ့ချင်တဲ့ File , Folder ပေါ် Right - Click ထောက် ( File Folder တွေအားလုံးကို ချုံ့ချင်တယ်ဆိုရင်တော့ အားလုံးကို ) Select လုပ်ပြီး Right - Click . ထောက်လိုက်ရင် ( Post က ပုံကိုကြည့်ပါ - စာကြောင်းတွေ အများကြီး နဲ့ နံပတ် ၁ ပုံထဲက အတိုင်း မြင်ရပါလိမ့်မယ် ) အဲ့မှာ Add to Archive ဆိုတာကို နှိပ်လိုက်ရင် Archive name and parameters ဆိုပြီး Box တစ်ခုပေါ်လာတာတွေ့ရပါမယ်။ အဲ့ဒီအထဲမှာ Archie format ဆိုတဲ့ စာကြောင်းကိုရှာကြည့်ပြီး အဲ့စာကြောင်း အောက်မှာ ကြည့်ကြည့်လိုက်ပါ ကိုယ် ချုံ့ချင်တဲ့ File ကို. RAR File နဲ့ထားချင်တာလား Zip File နဲ့ထားချင်တာလား ဆိုတာကို ရွေးချယ်လို့ရပါတယ် ရွေးချယ်ပြီးလို့ Ok ကို နှိပ်ပေးလိုက်ရင် သူ့ဟာသူ File ချုံ့သွားပါလိမ့်မယ် File Size အလိုက် အနှေး အမြန်ရှိပါမယ်။

ဒီနေရာမှာ ပြောစရာ တစ်ခုရှိလာတာက Winrar မှာ RAR ရယ် ZIP ရယ် ဆိုပြီး ( 2 ) မျိုးရှိပါတယ် ဒီ ( 2 ) မျိုးအကြောင်းနည်းနည်းပြောပြမယ် ဒီ ( 2 ) မျိုးကဘာကွာခြားသလဲဆိုရင် တခုခုမှာ Upload တင်ရင် Folder လိုက်တင်ပေးလို့ မရပါဘူး အဲ့ဒီအတွက် သက်သက်ပဲ ဆိုရင်တော့ ZIP ကို သုံးလို့ရပါတယ် ZIP နဲ့ ချုံ့ထားတာ ဆိုရင် Winrar လို File ဖြည်ဖို့အတွက် Software မရှိလည်း ဖြစ်ပါတယ် ဒါပေမဲ့ File Size ကိုတော့ သိသိသာသာ လျော့သွားမှာ မဟုတ်ပါဘူး။
RAR ကတော့ ZIP ထက် File Size ကိုပိုချုံ့ပေးပါတယ် ဒါပေမဲ့ RAR မှာက File ဖြည်ဖို့အတွက် Winrar Software ကိုယ့်စက်ထဲမှာ Install လုပ်ပြီးသားရှိနေရပါမယ် မရှိပဲ ဖွင့်ကြည့်လို့မရပါဘူး အများသုံးကတော့ RAR နဲ့ သုံးကြတာများပါတယ်။
ဒီ Box ထဲမှာ အခြားသော Options တွေအများကြီးပါပါသေးတယ် Post ရှည်နေမှာစိုးလို့ လိုအပ်တာ အသုံးများတာလောက်ပဲ ရှင်းပြသွားပါမယ်။

၂။ ချုံ့ထားတဲ့ File ကို ပြန်ဖြည်နည်း
--------------------------------------------
အကျယ်မချဲ့ပြတော့ပါဘူး လိုအပ်တာလောက်ပဲ ရေးလိုက်တော့မယ်... ကိုယ်ဖြည်ချင်တဲ့ File အပေါ် Right - Click ထောက်လိုက်ရင် ( Post က ပုံကိုကြည့်ပါ - စာကြောင်းတွေ အများကြီး နဲ့ နံပတ် ၂ ပုံထဲက အတိုင်း မြင်ရပါလိမ့်မယ် ) အဲ့အထဲမှာ File ကို ဖြည်ဖို့အတွက် Extract File နဲ့ Extract Here ဆိုတာကိုတွေ့ပါလိမ့်မယ်။
၁.Extract File ကိုနှိပ်ပြီး ပွင့်လာတဲ့ Box မှာ Ok နှိပ်ဖြည်လိုက်ရင်တော့ လက်ရှိနေရာရဲ့ နာမည်နဲ့ Folder အသစ်တစ်ခုမှာ File ဟာတွေအားလုံးကို သွားဖြည်ပေးမှာဖြစ်ပါတယ်
၂.Extract Here ကိုနှိပ်ပြီး ပွင့်လာတဲ့ Box မှာ Ok နှိပ်ဖြည်ရင်တော့ မိမိ ချုံ့ခဲ့စဉ်ကအတိုင်း လက်ရှိနေရမှာပဲ ဖြည်ပေးမှာဖြစ်ပါတယ်။
ဒါကတော့ ချုံ့ထားတဲ့ File ကို ပြန်ဖြည်နည်းပါ။

၃။ File ကို Password ထားပြီး File ချုံ့နည်း
-------------------------------------------------
Password ထားပြီး ချုံ့ချင်တဲ့ File အပေါ်ကို အပေါ်က File ချုံ့နည်းအတိုင်း Select လုပ် Right -Click ထောက်ပြီး Add to Archive ကို နှိပ်ပြီး ပေါ်လာတဲ့ Box ရဲ့ Advanced ဆိုတဲ့ Tab မှာ Set password ဆိုတာလေးကို နှိပ်ပေးလိုက်ပါ။ ( တစ်ချို့  ကွန်ပျူတာတွေမှာ Advanced ဆိုတဲ့ Tab ကို နှိပ်ဝင်စရာမလိုပါဘူး General Tab မှာ Set password ပါပါတယ် ဒါကတော့ Winrar Software Version နဲ့ ဆိုင်သွားတာ ကွန်ပျူတာနဲ့ မဆိုင်ပါဘူး ) Set password ကိုနှိပ်လိုက်လို့ ထပ်ပွင့်လာတဲ့ Box မှာ password ကိုယ်ပေးထားချင်တဲ့ Password ကိုရေးပေးထားလိုက်ပါ Password နှစ်ခါ ရေးပေးရပါမယ် ( တစ်ချို့ မှာ တစ်ခါရေးပေးရင် ရပါတယ် ) ပြီးရင် Ok နှိပ်ပေးလိုက် ဒါဆို File ကို Password ထားပြီး File ချုံ့နည်းပြီးပါပြီ ... အဲ့ File ကို ပြန်ဖြည်ရင်တော့ Password တောင်းတဲ့ Box ကျလာပါလိမ့်မယ် ကိုယ်ပေးထားခဲ့တဲ့ Password ကိုရေးထည့်ပေးလိုက်ရုံပါပဲ...။

၎။ File Split လုပ်နည်း
-----------------------------
ဒီ function တော့ နည်းပညာ Blog လုပ်တဲ့သူတွေ အမြဲလုပ်နေရတဲ့ function လေးတစ်ခုပေါ့ သာမာန် User တွေလည်း သုံးပါတယ် ဒါပေမဲ့ သူတို့တွေက ပိုအသုံးများတယ်၊ Software တစ်ခုကို Blog မှာတင်ချင်တယ် Share ပေးချင်တယ် ဒါပေမဲ့ Hosting ဆိုက်တွေက File တစ်ခုတင်မယ်ဆို ( 100 Mb လောက်ပဲ upload တင်လို့ ရတယ် အဲ့ဒီအခါတွေမှာဆို File တွေကို ဒီ Winrar Software လေးနဲ့ File တွေကို အပိုင်းလေးတွေ ပိုင်းပြီး တင်ပေးရပါတယ်။ ( ဥပမာပြောရမယ်ဆိုရင် ကိုယ်က အခြားသူငယ်ချင်းတစ်ယောက်ကို Software တစ်ခု Share ပေးချင်တယ် Point လုပ်ပြီးကြည့်လိုက်တော့ အဲ့ Software File Size က 150 MB ရှိနေတော့ File Size က ကြီးနေတယ် Share လို့ အဆင်မပြေဘူး ) အဲ့လိုအခါမျိုးတွေမှာ ဒီ Winrar Software အသုံးပြုပြီး File Size ကို ခွဲ/ ပိုင်းပေးလို့ရတယ် ဘယ်လိုလုပ်မလဲဆိုရင် ကိုယ် ခွဲ / ပိုင်းချင်တဲ့ File ပေါ်ကို အပေါ်က File ချုံ့နည်းအတိုင်း Select လုပ် Right -Click ထောက်ပြီး Add to Archive ကို နှိပ်ပြီး ထပ်ပေါ်လာတဲ့ Box ရဲ့ Split to Volumes, Size ဆိုတဲ့ နေရာမှာ ကိုယ် ခွဲပိုင်းချင်တဲ့ File Size 50 စီခွဲမယ်ဆို 50 ကိုရေးပေးပြီး Ok ကို နှိပ်ပေးလိုက် ဒါဆို အဲ့ File နာမည်နဲ့ Part 1, Part 2 , Part 3 ဆိုပြီး File တစ်ခုမှာ 50 စီးနဲ့ 3 ခုရရှိလာမှာပါ ဒါဆို Share လို့အဆင်ပြေသွားပြီ ။ အဲ့ File တွေကို ပြန်ပေါင်းချင်ရင်တော့ Part 1 အပေါ်ကို Right - Click ထောက်ပြီး အပေါ် နံပတ် ၂ မှာရေးထားတဲ့ File ကို ပြန်ဖြည်နည်းအတိုင်း ကိုယ်ကြိုက်တဲ့နည်းနဲ့ ဖြည်လို့ရပါပြီ။

ဒီလောက်ဆို အဆင်ပြေမယ်လို့ ထင်ပါတယ် ဒီ Software မှာပါတဲ့ Function တွေကတော့ အများကြီးပါပဲ အားလုံးဆက်ရေးမယ်ဆို Post က ရှည်သထက်ရှည်လာမှာ ဒါကြောင်း Winrar Software ကို အသုံးပြုပြီး လုပ်လို့ရတဲ့ Function တွေထဲက အသုံးများတဲ့ Function အချို့ ကိုရေးတင်ပေးလိုက်ပါတယ်...။
အားလုံး အဆင်ပြေမယ်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်... ခုနောက်ပိုင်း အလုပ်များလို့ Post က တစ်နေ့ တစ်ခုလောက်ပဲ ရေးဖြစ်တယ်... ရေးတာကတော့ သိပ်မကြာပါဘူး ဘယ်လိုရေးရင်ကောင်းမလဲ စဉ်းစားရတာက ကြာတယ် ဒါကြောင်းများများ မရေးတင်ပေးနိုင်တာ နားလည်ပေးပါ ။

#CREDIT ACM
အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ.။
#MR.WaiThu(နည်းပညာ)
#ဗဟုသုတ ပညာဒါန

No comments:

Post a Comment

https://www.facebook.com/WaiThu2017